Search This Blog

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Wednesday, 3 August 2011

Teamviewer

3/ 8/ 2011

Teamviewer က ကွန်ပြုတာ တစ်လုံးနဲ့ တစ်လုံး အဝေးတစ်နေရာကနေ ဝင်ကြည့်လိုရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကွန်ပြုတာနဲ့ ပတ်သတ်တဲ့ အကူအညီပေးတာတွေ၊ သင်ပြပေးတာတွေ လုပ်လို့ရပါတယ်။ Free Softwares ပါ။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ အင်တာနက်လိုင် ရှိနေဖို့တော့ လိုအပ်ပါတယ်။ သူကို install သွင်းပြီးရင် ပုံမှာပုံထားတဲ့ အတိုင်း ID နဲ့ Password ဘေးနာမှာ စကားဝှက်ကုတ်နိပါတ်တွေ ပေါ်လာပါတယ်။ အဲဒီ ID နဲ့ Password ကို တစ်ဖက်လူကို ပေးလိုက်ယုံနဲ့ ကိုယ်ကွန်ပြုတာထဲကို သူဝင်ရောက်လာလို့ရပါတယ်။ အဲလိုမျိုးပဲ တစ်ဖက်ကွန်ပြုတာကို ကိုယ်က ဝင်ရောက်ချင်တယ် ဆိုရင် သူဆီက ID နဲ့ password ကို ကိုယ်တောင်းထားရပါမယ်။ ပြီးရင်
(၁) create session အောက်က ID အကွက်မှာ ကိုဝင်ချင်တဲ့ကွန်ပျူတာရဲ့ ID စကားဝှက်ကို ရိုက်ထည့်လိုက်ပါ။
(၂) remote support မှာ အမှန်ခြစ်ပေးပါ။
(၃) connect to partner ကိုနှိပ်လိုက်ပါ ။
(၄) ခဏလေးကြာရင်  password တောင်းလာပါလိုက်မယ်။ 
တစ်ဖက်ဆီက password ကို ရိုက်ထည့်ဖို့ အကွက်ပေါ်လာပါလိမ့်မယ် .
(၅) password ကိုရိုက်ထည့်ပေးလိုက်ပါ .. အဆင်ပြေပြေနဲ့ တစ်ဖက်ကွန်ပျူတာကို ၀င်လို့ရသွားပါပြီ .. ကွန်ပြုတာကို 
Restart တစ်ခါချရင် ID နဲ့ Password တစ်လုံးပြန်ပြောင်းပါတယ် .. နောက်တစ်ခါ ထပ်ဝင်ချင်ရင် ID နဲ့ Password ကို နောက်တစ်ခါ ပြန်တောင်းရပါမယ်။
အလိုရှိသူများ ဒီမှာ ဒေါင်းလောင်ဆွဲပြီး install သွင်းလိုက်ပါ။  မူရင်းဆိုက်မှာ သွားပြီး downloads ဆွဲလည်းရပါတယ်။ မှာရင်းဆိုက်က ဒီမှာပါ။ http://www.teamviewer.com/en/index.aspx

Friday, 17 June 2011

iPhone (iOS 4.1) အတွက် မြန်မာ လက်ကွက် ထည့်သွင်းနည်း

17/June/2011

အချိန်အတော်ကြာကြာ စောင့်စားခဲ့ရတဲ့ မြန်မာ စာရိုက်စနစ် Keyboard ကို iOS 4.1 အတွက်ထွက်ရှိလာပါပြီ ကိုစေတန် ရဲ့  အားထုတ်မှုနဲ့  မရှေးမနှောင်းလေးမှာ ကိုဝေလင်းဖြိုး ကနေပြီးတော့ iPhone(iOS4.1) တွေအတွက် မြန်မာလက်ကွက်စနစ် (zawgyi Keyboard) ကို ရေးသားပေးခဲ့ပါပြီ... ကိုစေတန် နှင့် ကိုဝေလင်းဖြိုးကို အထူးလေးစား ကျေးဇူးတင်လိုက်ကြရအောင်ပါခင်ဗျာ...
iOS 4.2 အတွက် ကတော့ ကိုဝေလင်းဖြိုး ရေးနေဆဲလို့  သိရပါတယ်....

လောလောဆယ် မှာတော့ ကိုစေတန် နှင့် ကိုဝေလင်းဖြိုး တို့ ရဲ့  Zawgyi keyboard စနစ် နှစ်ခုရှိနေပါတယ် အဲဒီအထဲကမှ ကိုဝေလင်းဖြိုးရဲ့  စနစ်ကို တင်ပြပေးပါရစေ...

ဘာကြောင့်လဲလို့  ဆိုရင်တော့ ကိုစေတန် က zawgyi keyboard စနစ် project ကို သူ့ ရဲ့  Zawgyi Keyboard iOS 4.1(alpa) ရေးလို့ အပြီးမှာ ဆက်လက်မရေးတော့ဘူးလို့ အတိလင်းပြောကြားသွားခဲ့တဲ့ အတွက် နောက်ပိုင်း တွေမှာ အဆင်ပြေစေချင်တဲ့ သဘောသက်သက်ပါ မြန်မာစာနှင့် လက်ကွက်ကို iPhone မှာ စတင် ကြိုးစားပေးခဲ့တဲ့ ကိုစေတန်ကို အစဉ်လေးစားလျှက်ပါ...


Zawgyi Keyboard For iOS 4.1 ထည့်သွင်းနည်း

၁) သင့် iPhone(iOS 4.1) သည် Jailbroken ဖြစ်ရပါမယ်
၂) သင်မှာ ယခင်က zawgyi Font သွင်းပြီးသား ဖြစ်ပါက
    Cydia --> Manage --> Sources --> cydia.macforus.com --> Zawgyi Keyboard iOS (only for iOS 4.1) အောက်ဆုံးမှာ အသစ် အနေနဲ့ တွေ့ ရပါမယ်
    Install လုပ်ပေးလိုက်ပါ Install လုပ်ပြီးပါက အောက်ပါပုံ အတိုင်းတွေ့ ရပါမယ်



*** Font အခုမှ စသွင်းမည့်သူများ အတွက် ***
၁) Cydia --> Manage --> Sources --> Edit --> ပေါ်လာသော နေရာတွင် http://cydia.macforus.com ဟု ရိုက်ပေးလိုက်ပါ
၂) Zawgyi Font iOS ( only for iOS >= 3.2) နှင့် Zawgyi Keyboard iOS (only for iOS 4.1) နှစ်မျိုးစလုံးကို တစ်ခုချင်း Install လုပ်ပေးလိုက်ပါ

*********************************
အောက်ပါ အဆင့်များကို ဆက်ရန် သင့် အတွက် iFunBox Software တစ်ခု လိုအပ်ပါတယ် အောက်မှာ Download အရင်ရယူပါ...

zawgyi keyboard ကိုလည်း  PC မှာ Download လုပ်ပြီး၊ ရလာသော Zip file ကို ဖြည်ထားပါ (myankey) Folder တစ်ခုနှင့် KeyboardTitles.strings (File) တစ်ခု ရပါလိမ့်မည်။

Zawgyi Kerboard Download HERE!!!

Download "iFun Box" HERE!!!

၁) iFunBox.exe ကို Run လိုက်ပါ
၂) iPhone ကို PC နှင့် ချိပ်ဆက်ပါ၊ iTune တက်လာပါက ပိတ်ပစ်ပါ
၃) iPhone icon ကို Select နှိပ်လိုက်ပါ အောက်ပါအတိုင်းတွေ့ ရမည်


၎) myankey folder ထဲမှ file များကို System/Library/Frameworks/UIKIT.Framework/ ထဲသို့  Copy ကူးရန် အောက်ပါ ပုံများအတိုင်း တစ်ဆင့်ချင်းလိုက်သွားပါ...










၅) KeyboardTitles.strings ကို Applications/Preferences.app/English.lproj/ ထဲသို့  Copy ကူးရန်
   အောက်ပါ ပုံများအတိုင်း တစ်ဆင့်ချင်းလိုက်သွားပါ...







******************************

zawgyi keyboard (iOS4.1) Install လုပ်ငန်းစဉ် ပြီးဆုံးပါပြီ..

သင့် iPhone ကို Reboot ပြန်လုပ်ပေးလိုက်ပါ..

****************************************

ယခု zawyi keyboard ကို iPhone မှာ Setting ချရန် ဆက်လက်လုပ်ဆောင်ပါ...

၁) iPhone မှ Setting --> General --> Keyboard --> International Keyboards -->
    Add New Keyboard --> Thai  ကိုရွေးပေးလိုက်ပါ။
    "Myanmar-Zawgyi" နှင့် "Myanmar-Alphabetical-Order" ဆိုပြီးတက်လာရင် "Myanmar-Zawgyi"   ကိုသာရွေးပေးလိုက်ပါ....

    ကဲ.. ရိုက်ချင်သလောက်သာ ရိုက်ကြပေတော့ဗျို့  .....

မိုးသိကြား

Twitter Delicious Facebook Digg Stumbleupon Favorites More