Search This Blog
Showing posts with label games. Show all posts

Tuesday, 1 November 2011
Thursday, 30 June 2011
[Hidden Object Game] Murder, She Wrote
30/ June/ 2011
ဒီဂိမ်းကတော့ အသုံးအဆောင် ပစ္စည်းအမျိုးမျိုးကို မှန်ကန်အောင် ရွေးချယ်ရတဲ့ ဂိမ်းတစ်မျိုးပါပဲ။ ပထမဆုံး အခန်းထဲက အင်္ဂလိပ် တစ်ပိုင်းတစ်စတွေကို လိုက်ရှာပြီး ဘေနားက ကွက်လပ်ဖြစ်နေတဲ့ စကားလုံးတွေကို ပြည့်အောင်ဖြည့်ရပါတယ်။ ပြီးတော့မှ ဘေနားက ဖော်ပြထားတဲ့ အသုံးအဆောင် ပစ္စည်းတွေကို မှန်ကန်အောင် လိုက်ပြီး ရှာဖွေပေးရပါတယ်။ အင်္ဂလိပ်စာမှာ ကိုယ်မသိသေတဲ့ ဝေါဟာရတွေကို ပိုမိုသိလာစေပါမယ်။ သူလည်း တစ်ဆင့်ပြီး တစ်ဆင် ကစားရတဲ့ ဂိမ်းပါပဲ။ ကစားချင်သူများ အောက်မှာ ဒေါင်းလောင်ဆွဲလိုက်ပါ။
Download link from Mediafire.com:
[Action Game] Jungle Racers 2010
30/ June/ 2011
ပြိုင်ကားဂိမ်းကစားချင်သူများ အတွက် Jungle Racers 2010 ဂိမ်းပါ။ သူက တောကလမ်းလမ်းကြမ်းတွေ မှာ မောင်းရတာ ဖြစ်တဲ့ အတွက် တခြားကားဂိမ်းတွေနဲ့ တမူကွဲပြားနေပါတယ်။တစ်ဆင့်ပြီး တစ်ဆင့် ကစားရတဲ့ ဂိမ်းမျိုးပါပဲ။ ကစားချင်တဲ့ သူများ အောက်မှာ ဒေါင်းလောင်ဆွဲလိုက်ပါ။

System Requirements
——————————–
* Windows 2000/XP/Vista/7
* CPU Pentium 1000 MHz or higher
* 256MB RAM
* Video 64MB
——————————–
* Windows 2000/XP/Vista/7
* CPU Pentium 1000 MHz or higher
* 256MB RAM
* Video 64MB
Download link from Mediafire.com:
Wednesday, 22 June 2011
Big City Adventure - San Francisco
21/June/2011
ဒီတစ်ခါတော့ ကျွန်တော် အမြဲတမ်း ကစားလေ့ရှိတဲ့ Big City Adventure - San Francisco games ကို တင်ပေးလိုက်ပါတယ်။ ဒီဂိမ်းက english စာ ဝေါဟာရတွေကို ပိုပြီး သိလာစေပါတယ်။ ကျွန်တော်တို့ မသိတဲ့ စကားလုံးတွေ အများကြီးနဲ့ ကစားရတဲ့ အတွက် အကျိုးရှိပါတယ်။ မြန်မာလူမျိုးတွေက ဂိမ်းနဲ့ ချက်တင်ကို ဝါသနာကြီးကြတယ်။ ဂိမ်းစွဲတဲ့ လူတွေဆိုရင် နေ့မသိ၊ ညမသိ ကစားနေကြတာ အချိန်တွေ အကျိုးမဲ့ကုန်စေပါတယ်။ ဒီ Big City Adventure - San Francisco ဂိမ်းနဲ့တာ အဲလို ကစားနိုင်မယ် ဆိုရင် အင်္ဂလိပ်စာ ပါရဂူကြီးတော့တောင် ဖြစ်သွားနိုင်တယ် ထင်တယ်။ ဒီဂိမ်းမှာ အဆင့်တွေ အများကြီးပါပါတယ်။ ရထားပုံလေးကို ကလစ် နှစ်ချက်နှိပ်ပြီး ကစားရုံပါပဲ။ တစ်ခါကစာရင် တစ်ခါ ရထားပုံလေးကို ကလစ် နှစ်ချက်နှိပ်ပြီး ကစားရပါတယ်။ ကိုယ်သိမ်းထားတဲ့ ဖိုင့်နေရာကို မှတ်ထားဖို့ လိုပါတယ်။ အားလုံးကို ကစားကြည်စေချင်ပါတယ်။ 21.MB ပဲရှိပါတယ်။
ဒီမှာ downloads ဆွဲလိုက်ပါ။
(မှတ်ချက်။ ။ ကျွန်တော် ကစားနည်းက မသိတဲ့ စကားလုံးတွေဆိုရင် ရှိသမျှ ပုံတွေကို သောင့်ရမ်းလိုက်နှိပ်ပြီး ကစားလိုက်ပါတယ်။ )