Search This Blog

Showing posts with label 2013 calendar. Show all posts
Showing posts with label 2013 calendar. Show all posts

Friday, 4 January 2013

ကရင်ပြည်နယ် အလှ ပြက္ခဒိန် 2013 calendar

  4/1/2013
ကျွန်တော် ပြီးခဲ့တဲ နိုဝင်ဘာလောက်က ကရင်ပြည်နယ်ကို ပြန်ခဲ့ပါတယ်။ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ သာမည၊ ဘားအံ၊ ထီလုံ၊ လှိုင်ဘွဲမြို့တို့ကို ပြန်ခဲ့ပြီး မိတ်ဟောင်း ဆွေဟောင်းတွေနဲ့ ပြန်တွေ့ခဲ့ပါတယ်။ သွားလာခဲ့တဲ့ လမ်းတစ်လျှောက် ကရင်ပြည်နယ် တောတောင်ရေမြေ ဘုရားကျောင်းကန် အလှရူခင်ပုံတွေ ကို အချိန်ပေးပြီးရိုက်ခဲ့ပါတယ်။ အချိန်ပေးပြီး လိုက်ပို့ပေးတဲ့ မိတ်ဆွေတွေကိုလည်း အများကြီး ကျေးဇူး တင်ပါတယ်။
ဘန်ကောက်ကို ဒီဇင်ဘာ ၄ ရက်နေ့လောက်မှာ ပြန်ရောက်ပါတယ်။ ကရင် နှစ်သစ်မကူးခင် ကရင်ပြည် နယ် ပြက္ခဒိန် တစ်ခုလောက် လုပ်ပြီး ကရင်ပြည်နယ်ကို လွမ်းနေကျတဲ့ အဝေးရောက် ကရင်ပြည်နယ်သူ/ သားတွေကို နှစ်သစ်ကူးပြက္ခဒိန် လက်ဆောက်ပေးမလို့ပါ။ အစကတော့ ပြက္ခဒိန် တစ်ခုပဲ လုပ်တာပါ။ ဓါတ်ပုံတွေက များတာနဲ့ ပြက္ခဒိန် နှစ်ခုပြီးသွားတယ်။ ;D ခုမှပဲပြီးတယ်။ အပေါ်က ပုံကတော့ ကရင်ပြည်နယ် အနှံ့က ဘုရားတွေ ပုံပါ။ ပုံဆိုဒ်က 16*20 လက်မ ဆိုဒ်ပါ။
အောက်က ပုံကတော့ ကရင်ပြည်နယ် အလှအပ ရူခင်းပုံတွေပါ။ အလိုရှိသူများ အားလုံးအတွက် လက်ဆောက်ပါ။ ထိုင်းနိုင်ငံမှာ ဆိုရင်တော့ ဓါတ်ပုံဆိုဒ်မှာ သွားပြီး ထုတ်လိုရပါတယ်။ 16*20 လက်မ ဆိုဒ်ဆိုရင် 50 ဘတ် မဟုတ်ရင် 70 ဘတ်ပဲကျပါတယ်။


စီးပွားဖြစ် ပြန်လည်ထုတ်ဝေခြင်၊ ပြန်ဆင် တည်ဖြတ်ခြင် များကို လုံးဝ ခွင့်မပြုပါ။ ပြက္ခဒိန် အဖြစ် ထုတ်ဝေဖြန့်ချီလိုပါက အောက်ပါ Email သို့ ဖြစ်စေ၊ ဖုန်းနိပါတ်သို့ ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။ 
kosawjet007@gmail.com
085 120 70 79
အားလုံးကို လေးစားခင်ချစ် စွာဖြစ်..........

Twitter Delicious Facebook Digg Stumbleupon Favorites More